မွန်ပြည်နယ်

ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ အရင်းနှင့်အတိုးကောက်ခံရရှိသောရန်ပုံငွေများအား ပြန်လည်အပ်နှံခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ အရင်းနှင့်အတိုးကောက်ခံရရှိသော ရန်ပုံငွေများအား ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ပြိုင်ပွဲများဆက်လက်ကျင်းပလျက် ရှိသည်။

ချောင်းဆုံမြို့နယ်ရှိ ဆီထွက်သီးနှံနေကြာမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှု အခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများ ဆီထွက်သီးနှံနေကြာနှင့် ပဲအမျိုးမျိုးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များအသုံးပြု၍ သီးနှံများအရည်အသွေးပြည့်မီကာ အထွက်နှုန်းပိုမိုတိုးတက်လာစေရန်အတွက် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေ၊ မျိုး၊ ပိုးတာဝန်ခံများမှ ယနေ့နံနက်(၁၀း၀၀)နာရီက နတ်မှော်ကျေးရွာ ကွင်းအမှတ်(၆၃၁)နေကြာမျိုးစေ့ထုတ်စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက ကော်မတီဝင်များအနေနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မိမိတို့ဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် လစဉ်အစည်းအဝေးကို ဆောင်ရွက်သွားရန် စီစဉ်ခဲ့သော်လည်း ပြည်နယ်လူမှုဝန်ထမ်းရုံးရဲ့ လုပ်ငန်းအခက်အခဲများကြောင့် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးအနေဖြင့်လည်း ဖြစ်ရပ်များကို စနစ်တကျနည်းလမ်းမှန်ကန်စွာ လွှဲပြောင်းနိုင်ရေးအတွက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ (၂၇-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ (၃) ရက်တာကို သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ စာရင်းဇယားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့တင်ပြထားပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

မုဒုံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အား ကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈ နာရီက အခြေခံပညာစာသင်ကျောင်းများ၌ ကျင်းပသည်။

မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) နှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ် အ.ထ.က(ခွဲ) ဇေယျာမွန်‌ကျောင်း၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ (ဇေယျာမွန်)၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းက သဲဖြူကုန်းကျေးရွာရှိ (အ.မ.က)ရဲပြာကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်