ပေါင်မြို့နယ်၌ အ.လ.က(ခွဲ)မုကျိ ကျောင်းဆောင်သစ်ဖွင့်ပွဲပြုလုပ်

ပေါင် ဇန်နဝါရီ ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အ.လ.က(ခွဲ)မုကျိ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းဆောင်သစ်၌ မုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီး၊ မြို့နယ်ပညာရေးမှူးနှင့်စေတနာရှင်အလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီးက ကျောင်းဆောင်သစ်ကို အလှူရှင်များစုပေါင်းလှူဒါန်းပေးသောကြောင့် (၃၀ x ၂၅)ပေနှစ်ထပ်၊ ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ စေတနာရှင်အလှူရှင်များ၏ကျေးဇူးကြောင့် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်တော့မည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီးက ကျောင်းဆောင်သစ်အား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးထံသို့ အဆောက်အဦအား လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးကလက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်ကြီးကို (၅၄၅) သိန်းကျော်အကုန်ကျခံဆောက်လုပ်ခဲ့ပြီး (၅)ခန်းတွဲသန့်စင်ခန်းကြီးကိုလည်း လှူဒါန်းဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)