မော်လမြိုင် ဇန်နဝါရီ ၅
(၂၀၂၄)ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးတိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲအဖြစ် ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း လွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)