ကျိုက်ထို ဇန်နဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အောင်ဆန်းအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ မီတာ(၁၀၀)အမျိုးသား၊ အမျိုးသမီး အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀)အမျိုးသား၊ အမျိုးသမီးအပြေးပြိုင်ပွဲ၊ မီတာ(၄၀၀)အမျိုးသား၊ အမျိုးသမီးအပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများကိုပြုလုပ်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်