မွန်ပြည်နယ်

မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အစည်းအဝေးသို့  ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြသည်။

မုဒုံမြို့၌ စားဖိုဆောင်သီးနှံ ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် "လူကြီးနှင့်ကလေးကြား စကားဘယ်လိုပြောကြမယ်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာဒေါက်တာမတင်ဝင်း ရေးသားသော"လူကြီးနှင့်ကလေးကြား စကားဘယ်လိုပြောကြမယ်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ကျိုက်မရော၌ သဘာဝဘေးဒဏ်ခံနိုင်သောရပ်ရွာဖြစ်စေရေး အိုးအိမ်များ အားဖြည့်ပြင်ဆင်မွမ်းမံခြင်းများဆောင်ရွက်

ကျိုက်မရောမြို့နယ်အတွင်းရှိ  ဆင်းရဲနွမ်းပါးသည့် နေအိမ်များအား သဘာဝဘေးအန္တရာယ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန် အားဖြည့်ပြင်ဆင်မွမ်းမံခြင်းများကို ယမန်နေ့က ပိန်းနဲကုန်းကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည်။

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ‌ပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးရှိ လူနာစောင့်များနားနေဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့ အ.လ.က (ကော့ဘိန်း) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာပေချစ်သူများအသင်းတို့ပူးပေါင်း၍ လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ကော့ဘိန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေနံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဆင့်မြင့်တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အဆင့်မြင့်ဂဟေဆက်သင်တန်း၊ အဆင့်မြင့်အုတ်စီနှင့် ပန်းရံသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် တတိယအကြိမ် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အဆင့်မြင့်တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အဆင့်မြင့်ဂဟေဆက်သင်တန်း၊ အဆင့်မြင့်အုတ်စီနှင့် ပန်းရံသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ စမ်းကြီးရပ် လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းသား​/ကျောင်းသူများအား မြန်မာနိုင်ငံကလေးအလုပ်သမားများပပျောက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်