သထုံ ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးရှိ လူနာစောင့်များနားနေဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဦး၊ ခရိုင်ကျန်းမာရေးမှူး ဦးစိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက် (၅၀) နှစ်နှင့် အထက်နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း (၂၄၅) ဦးတို့အား ထိုးနှံပေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်