မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းသား​/ကျောင်းသူများအား မြန်မာနိုင်ငံကလေးအလုပ်သမားများပပျောက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင်ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ထိရောက်လျက်ရှိခြင်းကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဦးတည်အုပ်စု အလိုက်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အ.ထ.က (ခွဲ) ကျိုက်မရော၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ခွဲ) ခန်းမ၌ ကျင်းပခဲ့သည်။

သထုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့ရှိ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးပြီး အာလူး၊ ကြက်ဥနှင့် ဆားများ လှူဒါန်း

မွန်ပြည်နယ် ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် စားအုန်းဆီများကို ယနေ့မွန်းလွဲ ၁ နာရီက သက်သာသောစျေးနှုန်းဖြင့် မုဒုံမြို့နယ်ရှိ ဦးကြိုင်းပွဲရုံ၌ ရောင်းချပေးပြီး ကြက်ဥ၊ အာလူးနှင့် ဆားများ လှူဒါန်းသည်။

ကျိုက်မရောမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းဦးဆောင်၍ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိသည်။

မုဒုံမြို့နယ်တွင် ကွမ်းရွက်များစျေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကွမ်းရွက်စျေးများ ကောင်းမွန်လာသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဘဲရမ်းကျေးရွာနေ တောင်သူတစ်ဦးထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခြင်းကြောင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ချောင်းဆုံမြို့နယ် ခရိုက်ဒူး(အ.ထ.က-ခွဲ)ကျောင်းတွင် ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန် “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက  ခရိုက်ဒူး(အ.ထ.က-ခွဲ)ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်