ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး

ပေါင် ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွှန့်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ (Pfizer-VCV) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ စုစုပေါင်း (၁၆၈) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)