ကျိုက်မရော၌ သဘာဝဘေးဒဏ်ခံနိုင်သောရပ်ရွာဖြစ်စေရေး အိုးအိမ်များ အားဖြည့်ပြင်ဆင်မွမ်းမံခြင်းများဆောင်ရွက်

ကျိုက်မရော   ဇန်နဝါရီ   ၁၆

ကျိုက်မရောမြို့နယ်အတွင်းရှိ  ဆင်းရဲနွမ်းပါးသည့် နေအိမ်များအား သဘာဝဘေးအန္တရာယ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန် အားဖြည့်ပြင်ဆင်မွမ်းမံခြင်းများကို ယမန်နေ့က ပိန်းနဲကုန်းကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ နွေဦးကာလနှင့်မိုးကြိုကာလရာသီပြောင်းချိန်တွင် မုန်တိုင်းဒဏ်ဘေး၊ လေပြင်းဘေးကျရောက်လေ့ရှိသဖြင့် ဆင်းရဲနွမ်းပါးသည့်အိမ်များ၊ အိုမင်းမစွမ်းအိမ်ထောင်စုများအား ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းစေရန် ပိန်းနဲကုန်းကျေးရွာနှင့်ကလိုင်းကနိုင်ကျေးရွာတို့မှ နေအိမ်များတွင် သွပ်နန်းကြိုးများတုပ်ဆိုင်းပေးခြင်း၊ ကျားကန်ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိသက်ကယ်များအသုံးပြု၍ မွမ်းမံခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မိချို(ပြန်/ဆက်)