မွန်ပြည်နယ်

ကျိုက်မရော၌ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(book club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”လူငယ်နှင့် ပညာဆိုင်ရာစာစု စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့ အ.ထ.က (ကွေ့ဝမ်း) စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ် လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က (ကွေ့ဝမ်း) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်အ.ထ.က(ရွှေဥဩ)၌ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီတွင် အ.ထ.က(ရွှေဥဩ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ် အ.မ.က ထန်းပင်ချောင်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီး ကော်မတီဝင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့် အသိပေးရှင်းလင်းခြင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

“ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့် အသိပေးရှင်းလင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြာ်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရာက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကိုလေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ(ဆီထွက်သီးနှံ)စိုက်ပျိုးရာသီ၌ လျာထားစိုက်ဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာစိုက်ဧက(၃၂၇၂)ဧက၊ မြေပဲ(၁၁၉)ဧကနှင့် နှမ်း(၂၅)ဧက စုစုပေါင်းဆောင်းသီးနှံ (၃၄၁၆)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးသည်။
Subscribe to မွန်ပြည်နယ်