မုဒုံ ဇန်နဝါရီ ၂၆
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့က အ.ထ.က (၂) စာသင်ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေအသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဥ်အမြဲအောက်မေ့သတိရစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲကို “စည်းလုံးခြင်းသည်အင်အား” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် (၅၂) ဦး၊ “စည်းလုံးညီညာအောင်ကြောင်းဖြာ” ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် (၅၆) ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိ ကျောင်းသား/သူများကို အသီးသီးဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း စာစီစာကုံး၊ ကဗျာ၊ ပန်းချီ စသည့်ပြိုင်ပွဲများကို အသီးသီးပြုလုပ်ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)