ပေါင် ဇန်နဝါရီ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က GAHP ကျေးလက်နေပြည်သူများ မွေးမြူရေးကိုစနစ်တကျမွေးမြူတတ်လာစေပြီး ဝင်ငွေများပို၍တိုးပွားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ကို စနစ်တကျမွေးမြူပြီး သတ်မှတ်ထားသည့်အကောင်ရေ တိုးပွားလာအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာကိုရင်ပေါင်တန်းနိုင်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသက်နိုင်က စာတွေ့လက်တွေ့များဖြင့် သင်ကြားဖွင့်လှစ်ခဲ့ရာ သင်တန်းကို ဇန်နဝါရီ(၂၆)မှ (၂၇)ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)