မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit(သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရပ်ကွက်(၄)ခုနှင့် ဇင်းကျိုက်မြို့ရပ်ကွက်(၄)ခုတို့တွင်  ဆောင်‌ရွက်နေကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခြင်း ဂုဏ်ပြုအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခြင်း ဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်သည်။

မွန်​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား၊ သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ကျိုက်မရော၌ မုန်လာဥ တစ်နိုင်တစ်ပိုင် စိုက်သူများမိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မုန်လာဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများမိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ပေါင်မြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဟင်းသီးဟင်းရွက်သီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုလအတွင်း ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြပြီး စနေ၊ တနင်္ဂနွေပိတ်ရက်များ၌ ဘုရားဖူးများဖြင့် ပိုမိုများပြားစည်ကား

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်သို့ပင် ထင်ရှားကျော်ကြားသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုလ (ဇန်ဝါရီလ) ၌ လာရောက်ဖူးမြော်မှု အများဆုံးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

မုဒုံမြို့ ဂျုံးဂျုံးကျတောရကျောင်းတွင် တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင်ဆုတောင်းပြည့်” စေတီတော်ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင် ဆုတောင်းပြည့်” စေတီတော်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

မွန်ပြည်နယ်မှထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့

မြန်မာနိုင်ငံတွင် ကွမ်းသီးများကို မွန်နှင့်ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်၌ ကွမ်းသီးများကို ယိုးဒယားမျိုး(ကွမ်းသီး အဝိုင်း)နှင့်ဒေသမျိုး(ကွမ်းသီးအချွန်)နှစ်မျိုးအား ဒေသအတွင်း အများအပြားစိုက်ပျိုးကြ၍ ထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသလို ပြည်တွင်းတွင်လည်းတင်ပို့ရောင်းချသည်။
Subscribe to မွန်ပြည်နယ်