မွန်ပြည်နယ်

ကမာဝက်မြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် ကမာဝက်မြို့တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကမာဝက်) စာသင်ကျောင်းရှိ ရွှေစင်ညီလာခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်        

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုမွန်ပြည်နယ် မော်လမြိုင်မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများမဖြစ်ပေါ်စေရေး၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်‌ကြောင်း ပြောကြားသည်။

ကျိုက်မရောမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်တယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက် တောင်သူများနှင့်တွေ့ဆုံ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးလျက်ရှိသည့် တောင်သူများဆောင်းသီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးထားသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ဇန်နဝါရီလ(၃၀)ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်သက်ဆိုင်ရာ တာဝန်ရှိသူများမှ  ကမာကေးကျေးရွာနှင့် ကော့မုပွန်ကျေးရွာတို့ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံ ကွင်းဆင်း၍ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် ရှိစက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ရန်မျိုးအောင်ရပ်ကွက်ရှိ PUMA စက်သုံးဆီဆိုင်နှင့် ရေတွင်းကုန်းကျေးရွာရှိ EVER TOP စက်သုံးဆီဆိုင်များ၌ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေး ကုသမှုများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်နယ်ကုသရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး၊ အထူးကုသမှုများလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများ ရရှိနိုင်စေရေးရည်ရွယ်ကာ ယနေ့နံနက်က သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပေးနှိုးဆော်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့ပေါ်နှင့် ဘဲရမ်း၊ ကွမ်တာကျေးရွာများအတွင်းသို့ မီးသတ်ယာဥ်ဖြင့် လှည့်လည်ဆောင်ရွက်သည်။

သထုံမြို့နယ်၌ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံမှုဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ၊ ပွိတ်ပွဲအခမ်းအနားကို ယနေ့နံနက်က အောက်ကျင်းရပ်ကွက်ရှိ ဗူးဘုရားစေတီ‌တော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ် ဦးစီးမှူးရုံးမှ အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက် (၁၆) ခုတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
Subscribe to မွန်ပြည်နယ်