ပေါင် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit(သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရပ်ကွက်(၄)ခုနှင့် ဇင်းကျိုက်မြို့ရပ်ကွက်(၄)ခုတို့တွင် ဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ရပ်ကွက်(၄)ခုနှင့် ဇင်းကျိုက်မြို့ရပ်ကွက်(၄)ခုတို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်တို့က သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး/ပြည်နယ်များသို့ မြို့ပြရပ်ကွက်များတွင် သန်းခေါင်စာရင်းယူနစ်များ(Census Unit)ရေးဆွဲခဲ့ပြီး အဆောက်အဦများ၏တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သောအိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ခုအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)