မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မစျေးရှေ့၌ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများထံ ဖြန့်ဝေသည်။