သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ ခြင်းဆောင်ရွက်

သံဖြူဇရပ်        ဖေဖော်ဝါရီ      ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြေငြိမ်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ထွေးက မီးလောင်ကျွမ်းမှုပုံစံ အမျိုးအစားများ၊ စက်သုံးဆီဆိုင်များ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းများ၊ အရေးပေါ်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့် လုံခြုံရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ရာပစ္စည်းများလက်တွေ့သရုပ်ပြသခြင်းအား ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်း ဆိုင်(၁၀)ဆိုင်မှ ဆိုင်ပိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)