သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ ခြင်းဆောင်ရွက်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။