မွန်ပြည်နယ်

မုဒုံမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာအရှင်သူမြတ်တို့အား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့က က္ကစ္ဆာသယသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးဆောင်ပြီး (ထွေ/ အုပ်ဌာန၊ ဘေး/ စီမံဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ရွှေမြင့်မိုရ်ပရဟိတအသင်း) တို့မှပူးပေါင်းကာ မတ်လ(၈)ရက်နေ့ မွန်းလွဲ (၃) နာရီက ကွမ်သဲကျေးရွာ၊ရပ်ကွက် (၄) တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်  မုဒုံမြို့နယ်တွင်  မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာရှိ ဆန်ဝှေ့ယမ် သစ်ပါးလွှာစက်ရုံ၌ ပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး   

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မတ် ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ‌ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် Community Centre ခန်းမ၌ ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ့ (၃) နာရီက၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

ကျိုက်မရောမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အချိန်မရွေးဖြစ်ပေါ်နိုင်သော မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မော်လမြိုင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မွန်​​ပြည်နယ်၊ မော်မြိုင်မြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်