ပေါင်မြို့နယ် Community Centre ခန်းမ၌ ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် မတ် ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ့ (၃) နာရီက၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ ဒေါ်ချမ်းမြေ့မြတ်နိုးက ကမ္ဘာပေါ်တွင် ရေငန် (၉၇%) နှင့် ရေချို (၃%) ရှိ‌သောကြောင့် ရေချိုကို ချွေတာသုံးစွဲသင့်ပါကြောင်း၊ ရေချိုသည် သက်ရှိများဖြစ်သော လူ၊ တိရစ္ဆာန်နှင့် အပင်များအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စားဖွယ်ရာ စာအုပ်စာ‌ပေများနှင့် နံရံကပ်စာ‌စောင်များကိုခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)