ပေါင် မတ် ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းဟောပြောကြားပြီး အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မော်လမြိုင်မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုလျော့နည်းပပျောက်စေရေး၊ မြန်မာနိုင်ငံမှာကြုံတွေ့ရသည့် လူကုန်ကူးအမျိုးအစားများ၊ လူကုန်ကူးမှုဥပဒများ စသည့်သိကောင်းစရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောပြီးကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စားဖွယ်ရာ စာအုပ်စာအုပ်စာပေများနှင့် နံရံကပ်စာစောင်များကိုခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)