မွန်ပြည်နယ်

ပေါင်မြို့နယ် အ.ထ.က (ခွဲ) နတ်မှော်၌ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ် အ.ထ.က (ခွဲ) နတ်မှော်၌ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၈) နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မတ်လ ၁၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကျင်းပမည်ဖြစ်ရာ ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အခြေခံပညာစာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက အ.ထ.က(၁)မုဒုံ၊ အ.ထ.က (ကမာဝက်) စာသင်ကျောင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အ.ထ.က(ခွဲ)နိုင်လှုံ (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့်ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နိုင်လှုံ (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါစာသင်ကျောင်း၌ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

သံဖြူဇရပ်၌ ပြည်သူများအား သတင်းတု၊ သတင်းမှား ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု သတင်းမှားများနှင့် မဖွယ်မရာများ တင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်‌ ပြောဆိုခြင်းများ ပြုလုပ်ပါက တည်ဆဲ ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံ့ခိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အ.ထ.က (ခွဲ) နိုင်လှုံ (၂)ထပ် ကျောင်းဆောင်အသစ် ဖွင့်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)နိုင်လှုံ(၂)ထပ်ကျောင်းဆောင် အသစ်ဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီက အဆိုပါစာသင်ကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်၊ မွန်ဓမ္မာရုံ၌ ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင် မွန်စာပေနှင့်ယဥ်ကျေးမှု သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များအား လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေးအတွက် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် မွန်စာပေနှင့် ယဥ်ကျေးမှုသင်တန်းများကို ကျောင်းပိုင်းရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၌ ‌နွေရာသီ အ‌ခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ‌ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ခင်စောတင့်ရေးသားသည့် ဘဝအသစ်ရဲ့အစများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club၊Woman Club၊Youth Club) တို့ပူးပေါင်း၍ ခင်စောတင့်ရေးသားသည့် ဘဝအသစ်ရဲ့အစများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့ နေ့လယ် (၁၂) နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့တွင် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မတ် ၆ ရက်နေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်သည်။

သံတွဲခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၆)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၆) ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 
Subscribe to မွန်ပြည်နယ်