ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲများပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မူလတန်ကြိုကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ယူပြီးမြောက်၍ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ ဓမ္မစေတီရပ်ကွက် သီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။