ချောင်းဆုံ မတ် ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက(ဒရယ်-တောင်စွန်းလမ်း(ကလွီရွာရှောင်လမ်း) လမ်းနှင့်တံတားများ)ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ဒရယ်-ကလွီ-တောင်စွန်းလမ်းဟာ လမ်းကြမ်းခြင်း၊ လူနေအိမ်များနှင့်နီးကပ်၍ အကွေ့အကောက်များခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပေါ်နေသည့်အတွက် (ဒရယ်-တောင်စွန်းလမ်း(ကလွီရွာရှောင်လမ်း) ဖောက်လုပ်ပေးနိုင်ရေး ဒရယ်ကျေးရွာ မင်္ဂလသုခကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တနန္ဒိယနှင့် ဒေသခံများ၏ တင်ပြခြင်းများကြောင့် ယခုလို ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်၍ လယ်ယာကုန်ထုတ်လမ်းအဖြစ်ပါ အသုံးပြုနိုင်မည့် လမ်းတစ်လမ်းဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဒရယ်-တောင်စွန်းလမ်း(ကလွီရွာရှောင်လမ်း) လမ်းနှင့်တံတားများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲကြပြီး လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ လမ်း(၈၂၈၂)ပေ မြေသားလမ်းခင်းခြင်းနှင့်တံတားလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၅၁၄.၆၃၈)သန်းဖြင့် အင်ဂျင်နီယာဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)