မော်လမြိုင် မတ် ၁၈
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စားမေးပွဲ ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်(၁၂)နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေထုတ်ဝေသည့် “(၇၉)နှစ်မြောက် သတင်းစကား လက်ကမ်းစာစောင်တွင် “ အမျိုးသားအကျိုးစီးပွားအတွက်ထမ်းဆောင်”၊ “(၇၉)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာ”၊ “ပြည်သူ့စစ်မှုထမ်းရန်ကာလ”၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံးစမ်းမေးမြန်နိုင်”၊ “ဆက်၍ချီပါ တပ်မတော်”၊ “(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၇-၃-၂၀၂၃ ရက်နေ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)”မှ အမျိုးသားအကျိုးစီးပွားအတွက် အဓိကလုပ်ဆောင်စသည့်အချက်များ ပါဝင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)