မွန်ပြည်နယ်

မွန်လူမျိုးနှင့် စာပေအနုပညာယဥ်ကျေးမှုတို့၏ ကြည်နူးဖွယ်ရာ

မွန်လူမျိုးတို့သည် မွန်ခမာအုပ်စုဝင်များဖြစ်ကြပြီး BC ၁၅၀၀ ခန့်တွင် တရုတ်ပြည်တောင်ပိုင်း ဟန်စီမြစ်ဝှမ်းတွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ၊ ပျော်ပွဲရွှင်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ၊ ပျော်ပွဲရွှင်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ၊ မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်အဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ရိုးဂိုးအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်​ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

နှစ်(၅၀)ပြည့် ရွှေရတုမွန်​ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက ​မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့်ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်း​တေး​ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်​ရောက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ် နှစ် (၅ဝ) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

၂ဝ၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅ဝ) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။

နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) သင်တန်းသားအိပ်ဆောင် ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သင်တန်းသားအိပ်ဆောင် ၉၀'× ၃၀' RCC(၂)ထပ်(သမိန်ဗရမ်းဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံဓာတ်အားခွဲရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် (၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်