ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြူခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက (အ.ထ.က) ကျိုက်မရော (ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။