ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲများပြုလုပ်

သံဖြူဇရပ် မတ် ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မူလတန်ကြိုကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ယူပြီးမြောက်၍ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ ဓမ္မစေတီရပ်ကွက် သီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်သန်း၊ ကျိုက္ခမြို့ မြို့အုပ်ချုပ်ရေးမှူး၊ ကျိုက္ခမီ​မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူ မိဘများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး၊ ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး၊ သင်ယူပြီးမြောက်သည့် မူလတန်းကြိုကျောင်း ရင်သွေးငယ်များအား ကျောင်းဆင်းလက်မှတ်ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းနှင့် တာဝန်ရှိသူတို့ကပေးအပ်ခဲ့ကြပြီး၊ မူလတန်း​ကြိုကျောင်းမှ ရင်သွေးငယ်များမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)