မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် အခြေခံပညာအလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်၊ သင်ကြားမှု နည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်အတွက် အခြေခံပညာအလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့က ချောင်းဆုံ (အ.ထ.က) ကျောင်းနှင့် ကွမ်သဲ (အ.ထ.က) ကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော် ရှင်မြတ်ဘုရားကြီးတွင် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ် ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်သော ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂုဏ်တော်ကိုးပါးရှိ တနင်္ဂနွေဒေါင့်မှ မြတ်ဗုဒ္ဓတစ်ဆူ၏ ရွှေကြာသင်္ကန်းတော်အား ရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရေစက်သွန်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆုတောင်းပြည့် ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့ ဝင်းစိန်တောရကျောင်းရှိ “အောင်ချမ်းသာညီနောင်စေတီ” ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့ မြိုင်ကုန်းကျေးရွာရှိ ကျေးဇူးတော်ရှင် ဝင်းစိန်တောရကျောင်း ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ကေသရအား ဦးထိပ်ပန်ဆင်၍ ဆရာတော်ကြီး တည်ထားတော်မူခဲ့သည့် “အောင်ချမ်းသာညီနောင်” စေတီတော်မြတ်နှစ်ဆူကို ယမန်နေ့ (တပေါင်းလပြည့်နေ့) က ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

မုဒုံမြို့ရှိ​ ကန်ကလေးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဆံတော်ရှင် ကန်ကလေးစေတီတော်၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့ (တပေါင်းလပြည့်နေ့) က ဘုရားဝင်အတွင်းရှိ ကန်ကလေးရေကန်၌ ကျင်းပသည်။

ဘီးလင်းမြို့၊ ဇမ္ဗူပတိကြေးသွန်းဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ ဇမ္ဗူပတိကြေးသွန်း ဘုရားကြီး၏ (ဒသမ)အကြိမ်မြောက် အနေကဇာတင်ပူဇော်ခြင်း၊ (၁၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို မတ်လ (၂၄) ရက်၊ တပေါင်းလပြည့်နေ့ နံနက်က ကြေးသွန်းဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

တပေါင်းလပြည့်နေ့တွင် ပေါင်မြို့နယ် ထန်းပင်ချောင်​ကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာမဟာဗောဓိစေတီ၌ ဘုရားဖူးသူများ စည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာမဟာဗောဓိစေတီ‌တာ်မြတ်ကြီးတွင် ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မတ်လ (၂၄) ရက်နေ့ ည (၇)နာရီအချိန်က လိုက်လံသတိပေး နှိုးဆော်လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း​က ​မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်​ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ်၌ အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်‌ရွှေထီးတော်သစ်တို့၌ ကပ်လှူပူဇော်မည့် ရွှေဆိုင်းများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မော်လမြိုင်မြို့နယ် ရွှေကြက်ယက်စေတီတော်မြတ်ကြီး ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျိုက်ဖနဲနယ်မြေ ရွှေကြက်ယက် စေတီတော်မြတ်ကြီး ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်