ချောင်းဆုံ မတ် ၂၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်၊ သင်ကြားမှု နည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်အတွက် အခြေခံပညာအလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့က ချောင်းဆုံ (အ.ထ.က) ကျောင်းနှင့် ကွမ်သဲ (အ.ထ.က) ကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းတို့မှ မူလတန်းအဆင့် သင်တန်းသား၊ သင်တန်းသူ (၇၀၆) ဦးတို့အား သင်တန်းနည်းပြ (၅၈) ဦးတို့ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ (၃၂၁) ဦးတို့အား သင်တန်းနည်းပြ (၂၄) ဦးတို့ဖြင့် မတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)