ပေါင်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။