တပေါင်းလပြည့်နေ့တွင် ပေါင်မြို့နယ် ထန်းပင်ချောင်​ကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာမဟာဗောဓိစေတီ၌ ဘုရားဖူးသူများ စည်ကားလျက်ရှိ

ပေါင် မတ် ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာမဟာဗောဓိစေတီ‌တာ်မြတ်ကြီးတွင် ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် နှစ်စဉ်တပေါင်းလပြည့်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ ဘုရားကျောင်းကန်များ၌ ဘာဝနာတရားပွားများခြင်း၊ ကုသိုလ်ပြုခြင်း၊ စားသောက်ဖွယ်ရာမျိုးစုံတို့ကို စေတနာထက်သန်စွာ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းတို့ကို အေးချမ်းပျော်ရွှင်စွာ ပြုလုပ်လေ့ရှိကြသည်။

အဆိုပါ‌နေ့တွင် ဗု‌ဒ္ဓဂါယာမဟာဗောဓိစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများက ပန်းရေချမ်း ဆီမီးများ ကပ်လှူခြင်း၊ ရေသပ္ပါယ်ခြင်း ဘာဝနာတရားပွားများခြင်းတို့ကို အေးချမ်းစွာပြုလုပ်ကြပြီး စေတနာရှင်မြို့ခံအလှူရှင်များက ဘုရားဖူးလာသည့် ဧည်သည်များအား စေတနာထက်သန်စွာဖြင့် မွန်ရိုးရာအစားအသောက်များဖြင့် စတုဒီသာများ ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)