မော်လမြိုင်ကျွန်း မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မတ်လ (၂၄) ရက်နေ့ ည (၇)နာရီအချိန်က လိုက်လံသတိပေး နှိုးဆော်လျက်ရှိသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်အတွင်း မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးလောင်မှု လျော့နည်းစေရန်အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် အသုံးပြုနေသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီး စနစ်တကျကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျ ငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများကို မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးမျိုးဇော်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအား အပတ်စဥ် ရပ်ကွက်များအလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးသတိမူနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)