သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

သံဖြူဇရပ် မတ် ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အခြေခံပညာအလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတို့၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် သံဖြူဇရပ်မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက အဖွင့်အမှာစကားပြေားကြားရာတွင် ၂၀၂၄ ခုနှစ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၄၁၅) ဦးအား နည်းပြ (၃၀) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်တို့အားလည်းကောင်း၊ မူလတန်းအဆင့်ဆရာ၊ ဆရာမ (၆၆၁) ဦးအားနည်းပြ (၄၆) ဦးတို့က KG မှ Grade(5) ထိသင်ကြားရေးဘာသာရပ်များကို မတ် ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားပို့ချ သွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)