ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ကျိုက်ထို မတ် ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် အခြေခံပညာအလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းကအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမောင်ညိုမှ ၂၀၂၄ ခုနှစ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၂၆၈) ဦးအား နည်းပြ (၂၀) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်တို့အားလည်းကောင်း၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများ (၆၁၈) ဦးအား နည်းပြ (၄၀) ဦးတို့က KG မှ Grade(5) ထိသင်ကြားရေးဘာသာရပ်များကို (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)