ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့ (မဟာသင်္ကြန်အကျနေ့)ညမှစတင်ကာ ညောင်ပင်သာကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။