ကျိုက်မရော မြို့နယ်၌ မြန်မာ့ရိုးရာယဥ် ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ကျိုက်မရော ဧပြီ ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်ညနေ ပိုင်းကဆုတောင်းပြည့် ဘုရားကြီးရှေ့ရှိ ဗဟိုမဏ္ဍပ် ၌ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက သင်္ကြန်နှစ်သစ်ဦးအဖွင့်အမှာ စကားပြောကြားကာဗဟိုမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်းအက အဖွဲ့များက မန်းတောင်ရိပ်ခို တေးသီချင်း ဖြင့်စုပေါင်းကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် မဟာသင်္ကြန်လေးရက်တာကာလအတွင်း အုန်းလက်မဏ္ဍပ် များထိုးကာ လူငယ်များ၊ ကလေးများ ကစုပေါင်း၍သင်္ကြန် ရေပက်ကစားခြင်း၊လူကြီးများက စတုဒီတာ မဏ္ဍပ်များထိုး၍ နေ့စဥ်စတုဒီသာမုန့်များကျွေးမွေးခြင်း၊ သင်္ကြန်ထမင်း များကျွေးမွေးခြင်းဖြင့်စည်ကားသိုက်မြိုက် စွာရိုးရာမပျက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိချို (ပြန်/ဆက်)