ကျိုက်ထိုမြို့နယ်ရှိ အကျဉ်းစခန်း (၂)ခုမှ အကျဥ်းသား၊ အကျဉ်းသူ (၈)ဦး လွတ်ငြိမ်းခွင့်ရရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၃၀/၂၀၂၄)အရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကျဉ်းစခန်း (၂)ခုမှ အကျဥ်းသား/သူ (၈)ဦးတို့အား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။