ကျိုက်ထို ဧပြီ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်းတိုက်ရှိ ထိုင်တော်မူဂေါတမဗုဒ္ဓမြတ်စွာ ဘုရားကြီးရင်ပြင်တော်၌ (၂၂) ကြိမ်မြောက်စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ၁၃၈၆ ခုမြန်မာနှစ်ဆန်းတစ်ရက် ၊ ဧပြီလ ၁၇ ရက်နံနက် ၉နာရီတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာအလှူရှင်များကဆွမ်းဆန်တော်၊ နဝကမ္မအလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူကြပြီး ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တနှင့်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ငွေကျပ် (၁၀) သိန်းနှင့် တန်ဖိုးငွေကျပ် (၅၅) သိန်းခန့်ရှိ လှူဖွယ်ပစ္စည်း အသုံးအဆောင်များအား ကြွရောက်လာသည့် ဆရာတော် ၊သံဃာတော်များအား စာရေးတံမဲနှိုက်ရာ ပထမဆုမဲဖြစ်သည့်ငွေကျပ် (၅၀၀၀၀၀)၊ ဒုတိယဆုမဲဖြစ်သည့်ငွေကျပ်(၃၀၀၀၀၀)၊ တတိယဆုမဲဖြစ်သည့် ငွေကျပ် (၂၀၀၀၀၀) နှင့် ကျန်ငွေကျပ် (၅၅)သိန်းခန့်ရှိအသုံးအဆောင်ပစ္စည်းများကိုမဲပေါက်သည့် ဆရာတော်၊ သံဃာတော်များအား အလှူရှင်များက ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲဖေါက်ပွဲသို့ ရဟန်းသံဃာတော် (၁၅၆)ပါး၊ သီလရှင် (၉၈) ပါးကြွရောက်ချီးမြှင့် ခဲ့ကြောင်းသိရသည်။
ဝင်းမောင် (ကျိုက်ထို)