မွန်ပြည်နယ်

သထုံမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ သောက်သုံးရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ ပရဟိတအဖွဲ့များမှ အခမဲ့ဖြန့်ဝေပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက်ရေ အခက်အခဲရှိသော ပြည်သူများအား ကျိုက်မရောလူငယ်ပရဟိတအဖွဲ့များမှ ရေသယ်ယာဥ်များဖြင့် လိုက်လံလှူဒါန်းပေးလျက်ရှိသည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ရွှေဥဒေါင်းရေးသားသည့် “ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့် ဌက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိူက်မရော မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ကြက်ခြေနီအဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ  သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုး၊ ရေလှောင်ကန်များ အား ပိုးလောက်လန်းမရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ရေတွင်း၊ ရေကန်များအား အမှိုက်များမဝင်စေရန် အမိုးမိုးထားပေးခြင်းနှင့် ခြင်များ ခိုအောင်းနိုင်သည့် အမှိုက်များ ရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် သန့်ရှင်းသော သောက်သုံးရေများကိုသာ သုံးစွဲနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းတို့ကို မြို့ပေါ် ရပ်ကွက်များ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့နယ်ဒေသထွက် မင်းဂွတ်သီးများစပေါ်ချိန် စျေးကောင်းရရှိ

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန် ယခင်နှစ်များထက် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

ကျိုက်ထိုမြို့‌နယ် မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား ရေသွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်၌ သောက်သုံးရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ရေဂါလံ (၃၄၄၅၀) ခန့် သွားရောက်လှူဒါန်း

 မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှု မရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌  ပြည်သူ့များအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူ (၂၀၄)ဦး လွတ်မြောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၃၃၀၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှု အောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား (၁၆၃)ဦး၊ အကျဉ်းသူ (၄၁)ဦး စုစုပေါင်း (၂၀၄)ဦး လွတ်မြောက် ခဲ့သည်။

မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကျိုက်ထို၊ မုဒုံ မော်လမြိုင်၊ ကျိုက်မရော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ ယာယီနေရပ်စွန့်ခွာစခန်းများ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များတွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို

ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေပြည်သူများအတွက် နေအိမ်အရောက် သောက်သုံးရေများ သွားရောက်လှူဒါန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ် များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့ သည်။
Subscribe to မွန်ပြည်နယ်