မွန်ပြည်နယ်

ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မှတ်ပုံတင်ထားသောအသင်းအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် မှတ်ပုံတင်ထားသောအသင်းအဖွဲ့များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်အတွင်း ဆေးဝါးအ‌ရောင်းဆိုင်များ၌ ဆေးညွှန်းစာမပါဘဲ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များ၌ ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန်လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းခြခြင်း ရှိ/မရှိအား မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက်  ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ကင်မွန်းချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကြာကန်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ကင်မွန်းချောင်းပြန်လည်တူးဖော်ခြင်း လုပ်ငန်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင် (၃၅၀၀၀) ပျိုးထောင်ထားရှိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနသည် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပျိုးပင်ပေါင်း (၃၅၀၀၀)ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးဖြန့်ဖြူးပေးနိုင်ရန် ပျိုးပင်များကို တာပသွန်(အမြဲတမ်း) ပျိုးဥယျာဥ်ခြံ၌ ပျိုးထောင်ထားရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်အတွင်း သောက်သုံးရေပြတ်လတ်မှုမရှိစေရေး နေ့စဥ်သွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှုမရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့များအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ရာသီမရွေးစိုက်ပျိုးနိုင်သော မိုးမျှော်ငရုတ်သီးများ အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ရာသီမရွေးစိုက်ပျိုး၍ရသော ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်း၍ ငရုတ်စီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သောက်သုံးရေလိုအပ်သည့် ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်​နေပြည်သူများသို့ သောက်သုံးရေများ လှူဒါန်းပေး

နွေရာသီကာလရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီးဖြစ်သဖြင့် သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်နေပြည်သူများသို့ ကျိုက်မရောမြို့နယ် ပရဟိတလူငယ်များအဖွဲ့က ရေသယ်ယာဥ်နှစ်စီးဖြင့် သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်