မွန်ပြည်နယ်

သထုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီး ဝတ်အတွင်း ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

၂၀၂၄ ခုနှစ် မွန်ပြည်နယ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးဌာနနှင့် ပြည်နယ်အားကစား ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်အဖွဲ့မှ မီးသတ်ဆေးဘူး (၁၄)ဘူးအား အာနိသင်သက်ရောက်မှု ရှိ၊မရှိ စိစစ် စစ်ဆေးပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ၏ အရည်အသွေး စိစစ်ခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

သထုံမြို့‌နယ်အတွင်းရှိ ‌သောက်သုံးရေအခက်အခဲရှိရာနေရာများအား အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ ရေလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့‌နယ်အတွင်း ယခုနှစ်ပူပြင်းခြောက်သွေ့သည့်ကာလ၌ ရေအခက်အခဲဖြစ်ရာနေရာများသို့ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ စဉ်ဆက်မပျက် သောက်သုံးရေများလှူဒါန်းခဲ့ရာ ယနေ့အထိ သောက်သုံးရေ ဂါလံပေါင်းနှစ်သိန်းနီးပါးခန့် လိုက်လံလှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဧပြီလ (၂၁) ရက်‌နေ့မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇ နာရီမှ မွန်းလွဲ (၂) နာရီထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့ ယာဝဘောဇနကျောင်း ရေသိမ်တော်ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကန်ကြီးကန်ပတ်လမ်းရှိ ယာဝဘောဇနဘုန်းကြီးကျောင်း၏ ရေသိမ်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကလပ်ပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရှေးအစဉ်အလာမပျက်ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပ ပြုလုပ်လျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ယမန်နေ့ ညနေပိုင်းက (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်