သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ကင်မွန်းချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်

သံဖြူဇရပ်      ဧပြီ      ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကြာကန်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ကင်မွန်းချောင်းပြန်လည်တူးဖော်ခြင်း လုပ်ငန်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကင်မွန်းချောင်းသည် သံဖြူဇရပ်မြို့နယ်အတွင်း မိန်မလာတောင်စွယ်မှ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ကြာကန်ရပ်ကွက်အတွင်းဖြတ်သန်း၍ ဝါခရူမြစ်အတွင်းသို့ စီးဆင်းသဖြင့် ချောင်းတူးဖော်ပြီးစီးပါက ကြာကန်ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်မည် ဖြစ်သည်။

အဆိုပါချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဧပြီ(၁၉)ရက်နေ့မှ စတင်တူးဖော်ခဲ့ရာ(၂၄)ရက်နေ့အထိ ကြာကန်ရပ်ကွက်အတွင်း အရှည်ပေ ၆၀၀၀ ကျော် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာမှူးဦးလှိုင်ဝင်းမောင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)