မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် လတ်တလောနယ်မြေဒေသအခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်   အခြားဒေသမှ လတ်တလောနယ်မြေဒေသအခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို   ယနေ့(၃)နာရီက မုဒွန်းကျေးရွာပိဋကတ်တိုက်ဘုန်းတော်ကြီးကျောင်း၊ တောင်စွန်းကျေးရွာသဒ္ဓမ္ဓဓဇ  ဘုန်းတော်ကြီးကျောင်းနှင့် ရွာလွတ်ကျေးရွာ၊ မဟာဝိဟာရဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ ဆိုလာရေတင်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဥ်း၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ပုဂ္ဂလိက ဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်)" အမှတ်စဉ် (၁ /၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

၂ဝ၂၄ - ၂ဝ၂၅ ပညာသင်နှစ် “ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့်) "အမှတ်စဉ် (၁ /၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

သထုံမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း ဖွင့်လှစ်သင်ကြားပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ စာသင်ဝိုင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF)၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး၏ ရော်ဘာစိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းဖြင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သော အများဆုံးပြည်နယ်ဖြစ်

ရော်ဘာလုပ်ငန်းသည် နိုင်ငံတော်အတွက် စက်မှုကုန်ကြမ်းများတိုးတက်ရရှိခြင်း အသေးစား စီးပွားရေးနှင့် MSME စီးပွားရေးလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းရရှိခြင်းတို့ကြောင့် နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ကျိုက်မရောဒေသထွက် ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး ဝယ်လိုအား ကောင်းလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာရှိ ယိုးဒယားဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး စျေးကွက်ဝင် သီးနှံအဖြစ် ကုန်သည်များ အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ YMBA အသင်းမှ ကျင်းပပြုလုပ်သော (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာနည်းပြသင်တန်းဖွင့်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ YMBA အသင်းမှ ကျင်းပပြုလုပ်သော (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာနည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက (အ.ထ.က) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေး ဟောပြောသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့၊ နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ အောက်ကျင်းရပ်ကွက်ရှိ DENKO စက်သုံးဆီ အရောင်းဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်