ကျိုက်မရော ဧပြီ ၂၄
နွေရာသီကာလရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီးဖြစ်သဖြင့် သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်နေပြည်သူများသို့ ကျိုက်မရောမြို့နယ် ပရဟိတလူငယ်များအဖွဲ့က ရေသယ်ယာဥ်နှစ်စီးဖြင့် သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းရာတွင် ကျိုက်မရောမြို့ကမ်းနားပိုင်းနှင့် ထုံးဘိုရပ်ကွက်များရှိ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်နေပြည်သူများသို့ သောက်သုံးရေ ဂါလံ ၁၆၀၀ ကို အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)