မွန်ပြည်နယ်

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၄)ဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skill Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး သောက်သုံးရေလှူဒါန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် သောက်သုံးရေများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသော ကျေးရွာများအရောက်သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒေါင်းရပ်အနောက်ကျေးရွာ၊ ကွမ်သဲကျေးရွာနှင့်ကမာကေးကျေးရွာတို့တွင် သောက်သုံးရေ ဂါလန် (၆၄၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ ကရင်တိုင်းရင်းသားစာပေ ဆရာ၊ ဆရာမများ စာပေမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကရင်တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများအား ကလေးသူငယ်ဘဝ မိခင်ဘာသာစကားဖွံ့ဖြိုးမှု၊ စာတတ်မြောက်ခြင်း၊ သင်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်စာရင်းစစ်ချုပ်ရုံး RC (၂) ထပ် အဆောက်အဦ ရုံးသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်း ဆန်ဈေးနှုန်းများကြီးမြင့်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ဘီးလင်းမြို့ပေါ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်ဈေးနှုန်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

သထုံမြို့၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းလူငယ်များအား ဂုဏ်ပြုကြိုဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းလူငယ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၆ နာရီအချိန်က ဇရစ်ချောင်ကျေးရွာရှိ အမှတ်(၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ကြာကန်အင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကြာကန်အင်းအဆင့်မြှင့်တင်တူးဖော်ခြင်းလုပ်ငန်းကို ကြာကန်ရပ်ကွက်ရှိ၊ ကြာကန်အင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်ရှိ သောက်သုံးရေခက်ခဲနေသည့် ကျေးရွာနေပြည်သူများထံ သောက်သုံးရေများလှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သောက်သုံးရေလိုအပ်ခက်ခဲနေသည့်  ကျေးရွာများထံ မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ယမန်နေ့ကသွားရောက်ပြီး ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသည်။
Subscribe to မွန်ပြည်နယ်