သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၄)ဖွင့်လှစ်

သံဖြူဇရပ် မေ ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skill Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့  နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျိုက္ခမီမြို့ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပြီး၊ ဦးစွာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းပို့ချရာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ကျိုက္ခမီ မြို့မရဲစခန်းမှ ရဲအုပ်ဆန်းကိုကို၊ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရှိုင်းထက်အောင်၊ ကျိုက္ခမီမြို့ ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်ဒုခွဲမှူး ဦးသန့်ဇင်ဦးတို့က ပင်လယ်ပြင်လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေးအတွက် ပင်လယ်ပြင်လုပ်ငန်းခွင်ကျန်းမာရေး၊ အသက်အန္တရာယ်ကင်းရှင်းရေး၊ မျိုးသုဥ်းရှားပါးရေနေသတ္တဝါထိန်းသိမ်းရေး၊ မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို သင်ကြားပို့ချခဲ့ကြကြောင်းနှင့် သင်တန်းသို့ ကျိုက္ခမီမြို့ ကမ်းဝေးကမ်းနီး ပင်လယ်ငါးဖမ်းရေလုပ်သား သင်တန်းသား(၃၈)ဦးတို့ တက်ရောက်ခဲ့ကြပြီးသင်တန်းကို ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)