မွန်ပြည်နယ်

သောက်သုံးရေအခက်အခဲရှိသည့်ကျေးရွာသို့ သောက်သုံးရေ ဂါလံ ၂၄၀၀ လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း နွေရာသီသောက်သုံးရေများ အခက်အခဲမရှိစေရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အဆက်မပြတ်လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သောက်ရေအခက်အခဲရှိသည့် ပိန်းနဲကုန်းကျေးရွာအုပ်စုမှ ကြက်သွန်ကုန်းကျေးရွာသို့ ရေဂါလံ ၂၄၀၀ ကို မီးသတ်ရေသယ်ယာဥ်ဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့သည်။

ဘီးလင်းမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ရေးစီမံကိန်းအသိပညာ​ပေးလှုပ်ရှားမှု ဆောင်ရွက်

ယနေ့ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်ရေးကော်မတီနှင့် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းပြုလုပ်သော အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ရေး စီမံကိန်းအသိပညာ​ပေး လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ သော်ကမြောင်ပရဟိတဂေဟာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ​မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအားတွေ့ဆုံ၍ မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပိန်းနဲကုန်းကျေးရွာအုပ်စု သိမ်ဖြူကုန်းကျေးရွာရှိ ပညာဗိမာန် စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ/တန်းမြင့်သင်တန်း ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး

တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချ​လျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် နွေရာသီလူငယ်အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် နွေရာသီလူငယ်အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ​ယနေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၀)အ​ခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းမာလာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသား ကျောင်းသူ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

မုဒုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများထံ သောက်သုံးရေများလှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သောက်သုံးရေ လိုအပ်နေသော ရပ်ကွက်/ ကျေးရွာများထံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်ပြီး ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသည်။

မုဒုံမြို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်နိုင်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် အခြေခံပညာအထက်တန်းကျောင်းများတွင် သင်ကြားပေးလျက်ရှိသည်။

သထုံမြို့နယ်၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေးသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ်တွင် ဖူးစားပြောင်း စိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံတောင်သူများက မြေအောက်ရေနှင့် ချောင်းပိတ်မြောင်းပိတ် ဆည်ရေသောက်စနစ်များဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိသည်။

ဘီးလင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကာလလူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက (အ.ထ.က) ကန်သာယာကျောင်း မဟော်သဓာခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်