သံဖြူဇရပ် မေ ၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကြာကန်အင်းအဆင့်မြှင့်တင်တူးဖော်ခြင်းလုပ်ငန်းကို ကြာကန်ရပ်ကွက်ရှိ၊ ကြာကန်အင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါကြာကန်အင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးပါက နွေရာသီ၌ ရေရှားပါးမှု ပြဿနာများ ရင်ဆိုင်နေသည့်မြို့နယ်အတွင်း ပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် ရေပေးဝေနိုင်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ကြာကန်အင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ယူ၍ မတ်လအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် ရေပေးဝေရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ မြို့ပေါ်ရပ်ကွက်များရှိ သောက်သုံးရေအခက်အခဲဖြစ်သည့်ပြည်သူများအား နေ့စဥ် ရေဂါလံ(၅၀၀၀၀)ခန့်ကို စက်သစ်ရပ်ကွက်ရှိ စက်ရေတွင်းမှ ရေသယ်ယာဥ်(၅)စီးဖြင့် လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)