ဘီးလင်း မေ ၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်း ဆန်ဈေးနှုန်းများကြီးမြင့်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ဘီးလင်းမြို့ပေါ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်ဈေးနှုန်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန်ဈေးများ စစ်ဆေးခြင်းကို ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထိုက်ထိုက်ဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စျေးတာဝန်ခံတို့က ဘီးလင်းမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှု ရှိ၊မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)